နိုင်ငံခြားရေးဝန်ကြီးဌာန

E-Library Management Web Portal၊ စာကြည့်တိုက်နှင့် e-library အသုံးပြုသူများ လိုက်နာရန်စည်းကမ်းများ

စာကြည့်တိုက်နှင့် e-library အသုံးပြုသူများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက် များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါသည်

(က) စာကြည့်တိုက်အသင်းဝင်ခြင်း
  • သတ်မှတ်ပုံစံတွင် အချက်အလက်များ၊ ထောက်ခံစာပြည့်စုံစွာဖော်ပြ၍ e-library ဆိုင်ရာ အသင်းဝင်အဖြစ် လျှောက်ထားနိုင်ပါသည်။
  • စာကြည့်တိုက်အသင်းဝင်အကောင့်ဖွင့်လှစ်ထားသည့် User Name နှင့် Password များကို အခြား မည်သူ့ထံမှ လွှဲပြောင်း ပေးအပ်ခြင်း/မျှဝေသုံးစွဲခြင်း မပြုရ။
  • User Name နှင့် Password များကို မသက်ဆိုင်သူများ၏ လက်ဝယ် မရောက် ရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်။
  • စာကြည့်တိုက်သို့ လာရောက်သည့်အခါတိုင်း အသင်းဝင် ကတ်ပြား/e-library အသင်းဝင် Barcode(or)QR code ကို ယူဆောင်လာရမည်။
  • အသင်းဝင်ကတ်ပြား/e-libraryအသင်းဝင် Barcode(or)QR codeများ ပျောက်ဆုံး ပါက စာကြည့်တိုက်တာဝန်ခံထံ အချိန်မီ အကြောင်းကြားရမည်။
(ခ) စာအုပ်များ ငှားရမ်းခြင်းနှင့် သက်တမ်းတိုးခြင်း
  • စာအုပ်များ ငှားရမ်းရန် Booking ပြုလုပ်ခြင်းကို online မှတစ်ဆင့် ပြုလုပ် နိုင်မည်ဖြစ်ပြီး၊ (၂) ရက်/(၄၈) နာရီကျော်လွန်ပါက အဆိုပါ Booking သည် အလို အလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။
  • အသင်းဝင်တစ်ဦးလျှင် စာအုပ်များကို တစ်ကြိမ်လျှင် (၃)အုပ်ဖြင့် ရက်သတ္တ (၂) ပတ်ကြာ ငှားရမ်းနိုင်မည်ဖြစ်သည်။
  • ငှားရမ်းထားသော စာအုပ်များကို သက်တမ်းမကုန်မီ ပြန်လည်အပ်နှံရမည်ဖြစ် သည်။
  • စာအုပ်များ ငှားရမ်းကာလ သက်တမ်းတိုးလိုပါက သက်တမ်းတိုးမည့် စာအုပ်အား တစ်ပါ တည်း ယူဆောင်လာရမည်ဖြစ်ပြီး ရက်သတ္တ(၁)ပတ် ထပ်မံသက်တမ်းတိုး နိုင်မည်ဖြစ်သည်။
(ဂ) သက်တမ်းလွန်၊ ပျက်စီး/ပျောက်ဆုံးများအတွက် ဒဏ်ကြေးသတ်မှတ်ခြင်း
  • ငှားရမ်းကာလ သက်တမ်းလွန်စာအုပ်များအတွက် ရက်လွန်ကြေး တစ်ရက်လျှင် ၁၀၀/- ကျပ် (စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမပါ) ကောက်ခံသွားမည် ဖြစ်သည်။
  • စာအုပ်များပေါ်တွင် ရေးခြစ်ခြင်း၊ မှတ်သားခြင်း၊ ပျက်ဆီးခြင်း(ရေစို၊ စုတ်ပြဲ၊ အစွန်းအထင်းစသည်)/ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ပါက အမျိုးအစားတူ စာအုပ် အား အစားထိုး ပေးလျော်ရန် (သို့မဟုတ်) စာအုပ်တန်ဖိုး ကာလပေါက်ဈေး အတိုင်း ပေးလျော်ရမည်ဖြစ်သည်။
  • သတ်မှတ်ရက်အတွင်း စာအုပ်အပ်နှံရန် ပျက်ကွက်သူများကို စာအုပ်များ ပြန်လည် အပ်နှံပြီးသည်အထိ ထပ်မံ ငှားရမ်းခွင့်ပြုမည်မဟုတ်ပါ။
(ဃ) အသင်းဝင်များ လိုက်နာရန်စည်းကမ်းချက်များ
  • နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများအား ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ လူမှုကွန်ယက်နှင့် အခြား cyber platform များတွင် ထပ်ဆင့်ဖော်ပြခြင်း လုံးဝမပြုလုပ်ရ။
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ ပြုစုရေးသားထားသော သုတေသနစာ တမ်းများ၊ ပညာသင်အစီရင်ခံစာများအား ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ လူမှုကွန်ယက်နှင့် အခြား cyber platform များတွင် ထပ်ဆင့်ဖော်ပြခြင်း လုံးဝ မပြုလုပ်ရ။
  • လုံခြုံမှုအဆင့်အတန်းရှိသည့် သံရုံးအကြီးအကဲ အစီရင်ခံစာများ၊ နယ်မြေဒေသ အစီရင်ခံစာများအား မသက်ဆိုင်သူများထံ မရောက်ရှိစေရ။ ပြန်လည်ရောင်းချ ခြင်း၊ ဖြန့်ဝေခြင်း၊ လူမှုကွန်ယက်နှင့် အခြား cyber platform များတွင် ထပ်ဆင့် ဖော်ပြခြင်း လုံးဝမပြုလုပ်ရ။
  • ဝန်ကြီးရုံးနှင့်၊ ဦးစီးဌာနအသီးသီးမှ နိုင်ငံခြားရေးဝန်ထမ်းများသို့ အသိပေးမျှဝေနိုင် ရေး ဖော်ပြထားသော အချက်အလက်များ မပေါက်ကြားစေရန်နှင့် မသက်ဆိုင်သူ များထံ မရောက်ရှိစေရန် အထူးဂရုပြုဆောင်ရွက်ရမည်။
  • နိုင်ငံခြားရေးဝန်ကြီးဌာန e-library Web Portal တွင် လွှင့်တင်ထားသော e-books များသည် နိုင်ငံခြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ ဖတ်ရှု လေ့လာနိုင်ရန်နှင့် ပညာရပ်ဆိုင်ရာ/သုတေသန အသုံးပြုခြင်းများအတွက်သာ ဖြစ်ပြီး၊ ကူးယူ၍ ပြန်လည်ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ လူမှုကွန်ယက်နှင့် အခြား cyber platform များတွင် ထပ်ဆင့်ဖော်ပြခြင်း လုံးဝမပြုလုပ်ရ။
  • အထက်ပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အဆိုပါ လုပ်ရပ်များ အတွက် မူပိုင်ခွင့်ဥပဒေ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် အီလက်ထရွန်နစ်ဥပဒ များအရ ငှားရမ်းသူ၏ တာဝန်သာဖြစ်သည်။
  • စာကြည့်တိုက်ရှိ ကွန်ပျူတာများတွင် ဂိမ်း/အွန်လိုင်းဂိမ်းများ ကစားခြင်းများနှင့် အခြားမသက်ဆိုင်သည်များ မပြုရ။
  • စာကြည့်တိုက်နှင့် e-library အတွင်း၌ ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ အစား အသောက်များ ယူဆောင်စားသောက်ခြင်းမပြုရ။